The Secret Life of Pets (2016)
Illumination Entertainment ဆိုတာနဲ့ Despicable Me နှစ်ကားနဲ့ Minion လေးတွေကိုပြေးမြင်မိကြမှာပါ။ အခုဒီရုပ်ရှင်ဟာလည်း တခြားဇာတ်ကားတွေနဲ့မတူ တမူထူးခြားတဲ့ဇာတ်လမ်းသွားတွေကိုတင်ဆက်တတ်တဲ့ Illumination ရဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ခွေးကလေး Max ဟာ သူ့သခင်မရှိခိုက်မှာဆို အိမ်မှာဘော်ဒါတွေကိုခေါ်ပြီး ကဲတတ်တဲ့တယ်ရီယာလေးပေါ့။ တစ်နေ့မှာတော့ သူ့သခင်ကအခြားခွေးတစ်ကောင်ကိုခေါ်လာရာကနေ အချင်းချင်း သ၀န်တိုကြရင်း နောက်ပြသနာလေးတွေတွေ့ပြီး အပြင်ရောက် snowball ဆိုတဲ့ယုန်လေးနဲ့တွေ့တာကနေ ဇာတ်ကားဟာ တစ်ခန်းပြီးတစ်ခန်းအရှိန်မြှင့်လာတာကို ခံစားကြရမှာပါ။ ကိုယ်တိုင်ကလည်း 3D animation ကားတွေကို အရမ်းကြိုက်နှစ်သက်တဲ့ကားဖြစ်တာကြောင့် Personal အရပြောချင်တာက ဒီကားလေးဟာ ကြည့်ရတာတန်မယ့်ကားလေးတစ်ကားပါ။ တိရစ္ဆာန်လေးတွေရဲ့ အမူအရာတွေ သူတို့လေးတွေရဲ့ ရှုထောင့်လေးတွေနဲ့ သခင်အပေါ်ထားတဲ့သစ္စာ၊ ပြီးတော့ ကာတွန်းကားတွေထုံးစံအတိုင်း သဘောကျစွာခံစားရမယ့် ဟာသလေးတွေနဲ့မို့ ဒီရုပ်ရှင်ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Download Movie
Post a Comment